American Beauty MMSub

0 views
|

American Beauty MMSub

ဒီကားလေးကတော့ အရမ်းကို ကောင်းလွန်းတာကြောင့်အများကြီး သိပ်ညွှန်းဖို့ လိုမယ် မထင်ပါဘူး.ဘာကြောင့်လဲဆိုတော့ IMdB 8.3/10 နဲ့အော်စကာ ၅စု,ပြီးတော့ တခြားဆုပေါင်းများစွာ ရခဲ့လို့ပါပဲ.ဇာတ်လမ်း အကျဉ်းကတော့ အလုပ်မှာလဲအဆင်မပြေ.အိမ်က မိန်းမနဲ့ သမီးရဲ့ လေးစားခြင်းကိုလဲမရတဲ့ လက်စတာဟာ တနေ့မှာသမီး ဖြစ်သူရဲ့ သူငယ်ချင်းမလေး ကို တွေ့သွားတဲ့အခါချစ်ကြိုက်မိသွားခဲ့ပါတယ်.

အဲ့အခါမှာလက်စတာဟာသူမကို ရဖို့ကြိုးစားရင်း ဖြစ်ပျက်ခဲ့တာတွေ,သမီး ဖြစ်သူရဲ့ စိတ်ခံစားချက်တွေ,အိမ်ထောင်ရေးပဍိပက္ခတွေနဲ့ ,လူငယ်နဲ့ မိဘကြားကနားလည်မှုလွဲနေတာတွေကို ခံစားဖို့ ရိုက်ကူးပြသထားတဲ့ မိသားစုဒရာမာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်……..အရမ်းကြီး ညွှန်းလိုက်ရင် spoilဖြစ်မှာဆိုးလို့ဒီလောက်နဲ့ပဲ ‌ရပ်လိုက်ပါတော့မယ်….

Related videos